Pages

Friday, 15 July 2011

တရားမ၀င် ဆန္ဒပြမှုအတွက် ၀န်ကြီးချုပ် နာဂျစ်တွန်ရာဇတ် တုံ့ပြန်





" အန်န၀ါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရဲ့ပုံရိပ်ကို အရုပ်ဆိုးအကျဉ်းတန်စေတယ်ဆိုတာ မနေ့က 
ဆန္ဒပြမှုကို ကြည့်ရင် သိနိုင်ပါတယ်" (မလေးရှား ၀န်ကြီးချုပ် နာဂျစ်တွန်ရာဇတ်)

ယမန်နေ့က လူစုလူဝေးဖြင့် ချီတက်ဆန္ဒပြမှုသည်   အခွင့်အရေးသမား   အန်န၀ါ အီဗရာဟင်၏
အနောက်ကနေကြိုးကိုင်နေခြင်းဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်က ထုတ်ဖေါ်ပြောကြား
လိုက်ပါသည်။

ဆက်လက်၍ ၀န်ကြီးချုပ်က တရားမ၀င် (Bersih 2.0)အဖွဲ့က ဦးစီးသော ယခုဆန္ဒပြပွဲသည် အ
လွန်ဆိုးဝါးသော အစီအစဉ်ဖြစ်ပြီး ပြည်သူတို့၏ ထောက်ခံမှုရရှိရန် တမင်တကာလုပ်ဆောင်ခြင်း
ဖြစ်ကြောင်း၊ စီးပွားရေးနှင့် အခြားသောဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအား အတည်ပြုခဲ့ပြီးသော
အစိုးရကို ပြည်သူတို့၏ ထောက်ခံမှုပိုမိုများပြားလာခြင်းကြောင့် အန်န၀ါ၏ ရပ်တည်ချက်ကို ရိုက်
ခတ်လာခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။

Putra ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးတွင် လူပေါင်း(၆၀၀၀)ကို ၀န်ကြီးချုပ်ပြောကြားရာ
မှာ- "ဒီနေ့  Permatang Puah (ပါလီမန်အမတ်)ဟာ သူရဲ့လူမျိုးရေးနဲ့ သာသာရေးကို တစ်ဖက်
မှာထားပြီး   နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ရန်အတွက် ပြင်ဆင်နေတာဖြစ်တယ်၊   သူဘာမှ မလုပ်ရင်
ကျွန်တော်တို့(The Barison Nasional) ဟာ (၁၃)ရက်နေ့ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်
ရမယ်ဆိုတာ သူသိတာကိုး၊ ဒါက သူ့အတွက် နောက်ဆုံးအခွင့်အရေးပါ၊ ပြည်သူတွေကလည်း
သိနေတယ်၊။ဒါကြောင့် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူတို့က အကုန်လုပ်မှာပဲ" ဆိုပြီး
ပြောကြားသွားပါသည်။

အလားတူပင် BN ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၀န်ကြီးချုပ်နာဂျစ်က အန်န၀ါသည် နိုင်ငံ၏ပုံရိပ်ကို ဆိုး
ဆိုးဝါးဝါးဖြစ်အောင် လုပ်ဆောင်နေပြီး မြလေးရှားနိုင်ငံဟာ ဒီမိုကရေစီကျင့်စဉ်မဟုတ်၊  သူသာ လျှင် ကောင်းတယ်ဋ္ဋ အမြင်နဲ့ ဖေါ်ဆောင်နေခြင်းဖြစ်ကြောင်း၊     သူ၏ မကောင်းမြင်ဝါဒသည်
အရင်ကနေ ခုချိန်ထိ ရှိနေဆဲဟု ဆိုပါသည်။

အတိုက်အခံ PKR ပါတီခေါင်းဆောင် အန်န၀ါဗီရာဟင်သည် လွတ်လပ်ပြီး တရားမျှတသော
ရွေးကောက်ပွဲဖြစ်အောင် တောင်းဆိုထားပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် သူ၏ပါတီ
သည် နာမည်ပျက်မှုများနှင့် အခြားသော ပြသနာအရှုတ်အထွေးများဖြင့် ရင်ဆိုင်နေရကြောင်း
သိရပါသည်။

No comments:

Post a Comment