Pages

Showing posts with label news. Show all posts
Showing posts with label news. Show all posts

Tuesday, 3 April 2012

မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး





(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ

လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြ...ို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှမပြောပြရန်အမျိုးမျိုးခြိမ်းခြောက်
ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်း
ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီးယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။


မှားမှားမှန်မှန် လူမဆန်တာတော့လက်မခံဘူး။ တရားသူကြီးမိန်းမတဲ့ကွာ .... မိုက်ရိုင်းတာ(အော် တရာဥပဒေစိုးမိုးရေးကို...ခိခိ။)

Monday, 20 February 2012

6p အစီအစဉ်ရဲ့ ဖမ်းဆီမှုပါ

ဒီနေ့ မလေးရှာစံတော်ချိန် နေ့လယ် ၁ နာရီမှာ  ကရင်အမျိုးသာအဖွဲ့အစည်းရုံး(M.K.O/Malaysia Karen Organisation)ကနေ နံပါတ် ၈ ဘစ်ကားစီးပြီး ကျွန်တော်ပြန်လာခဲ့ပါတယ်။ ၁ နာရီ ၄၅ မိနစ် Serdang ဘူတာရှေ့မရောက်ခင်လေမှာ ရဲတွေ ကားပေါ်တတ်ပြီး  IC/passport စစ်ဆေးပါတယ်။အဲ့ဒီချိန်မှာကျွန်တော်က အိပ်ပျော်နေတယ်။ ရဲတွေကကျွန်တော်ကိုနိုးပြီး IC/passport ထုတ်ခိုင်းတယ်။ကျွန်တော်တကယ်တုန်လှူပ်သွားတယ် ခေါင်းကနေခြေဖျားထိအေးစက်သွားတယ် ။  ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာ IC လည်မရှိ passport လည်မရှိ UNHCR ကဒ်လည်မရသေးတဲ့ ခိုလှုံသူဒုက္ခသည်တစ်ဦးပါ။နောက်ကျွန်တော်မှာရှိ့တဲ့ ကရင်အမျိုးသားကဒ်(MKO ကဒ်/Malaysia Karen Organisation ကဒ်)ကိုထုပ်ပေးလိုက်တယ်။ကျွန်တော်ပါးစပ်ကတော့ဂါထာတစ်ပုဒ်ကိုဖင်မရှိခေါင်းမရှိနဲ့ရွက်နေပါတယ်။ပြီးတော့ ရဲက ကျွန်တော်ကို English လိုမေးလာပါတယ်။(Student) ကျောင်းသားလားတဲ့ ဟုတ်ကဲ့လို့ ကျွန်တော်ဖြေလိုက်တယ်။နောက်(college)ကောလိပ်ကလားတဲ့ မဟုတ်ဘူးလို့ဖြေလိုက်တော့(Which student)ဘယ်ကျောင်းကကျောင်းသားလဲ Malaysia Karen Organisation ကျောင်းကလိုဖြေလိုက်တယ်။နောက် ကဒ်ပြန်ပေးပြီးနောက်တစ်ယောက်စစ်တယ်။နောက်တစ်ယောက်က UNHCR ကဒ်ကိုင်ထားတဲ့မြန်မာကုလားပါ။သူ့ကဒ်ကိုကြည့်ပြီးကားပေါ်ကဆင်းခိုင်ပါတယ်။သူအပါအ၀င် ၅ ယောက်ပါ။
၁၀ မိနစ်ထက်မကြာစစ်ဆေးပြီး UNHCR ကဒ်ကိုင်တဲ့ ၃ ယောက်ကိုလွတ်လိုက်တယ်။ကျန် ၂ ယောက်ကို ရဲတွေဖမ်းသွားတယ်။အဲ့ဒီ ၂ ယောက်က ဘာကိုင်ထားလဲကျွန်တော်လည်းမသိပါ။ ကျွန်တော် နားမလည်တာက  UNHCR ကဒ်ရှိတဲ့လူကို ခေါ်စစ်ဆေးပြီး ကျွန်တော်လို အဖွဲ့အစည်းကဒ် ပဲရှိပြီး UNHCR ကဒ်မရသေးတဲ့ လူကို ဘာဖြစ်လို့မစစ်ဆေးတာလဲ။ကံကောင်းတယ်လို့ပဲပြောရမှာပေါ့။အခုတလော နေ့တိုင်းလိုလို အဖမ်းအဆီရှိတယ် သတိထားကြပါ။ဒါပထမဆုံကျွန်တော်ရဲ့တွေ့ကြုံမှုပါ။

ဒါကျွန်တော်ရဲ့ကရင်အမျိုးသားကဒ်


Sunday, 12 February 2012

ဒေါ်အောင်ဆန်းစုကြည် အား တွံတေး-ကော့မှူး လမ်းတွင် ကြိုဆိုကြတဲ့ ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာမှ ကလေးသူငယ် ၆၃၀ ကျော်(ဓါတ်ပုံ)





ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ်တစ်လျှောက်လုံး နံနက်စောစောမှ စတင်စောင့်ကြိုနေကြသည်။ ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာမှ ကလေးသူငယ် ၆၃၀ ကျော်လည်း ကြိုဆိုနေကြသည်ကို တွေ့ရသည်။ (ဓာတ်ပုံ-ဥက္ကာကိုကို)


တွံတေး-ကော့မှူးအစပ် ဇရပ်ကုန်းရွာတွင် ကြိုဆိုနေကြသူများ။ (ဓာတ်ပုံ-ဥက္ကာကိုကို)
7Day News Journal
မှီ် ကော့မှူးမြို့ ပေါ်ရှိပြည်သူများရဲ့  တက်ကြွစွာပြင်ဆင်နေကြ ကြောင်းသိရပါတယ်။

ယ္ခုအခါ ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူးမြို့ သို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ကော့မှူးမြို့ ရဲ့ တစ်ခုတည်းသော internet အသုံးပြုလို့ ရတဲ့ဆိုင်မှာတော့ ထောက်လှမ်းရေးများက
လည်းအဆင်သင့်သတင်းယူရန်စောင့်ဆိုင်းနေပါတယ်။

Internet connection မကောင်းပါသဖြင်ကြိုးစားပြီး vide၀ file များ ဓါတ်ပုံများ တင်သော်လည်းမရသေးကြောင်း ကော့မှူးသား တဦးက Myanmar News Now ကို ပြောပြတယ်။
တွံတေး-ကော့မှူး ကားလမ်းဘေး ကျေးရွာများမှ ကြိုဆိုသူများ

Welcome Mother Su and Winner of NLD(အမေစုကို ချစ်မြတ်နိုးကြတဲ့ ကော့မှူးမြို့ သူမြို့ သားတွေ (၁၁ ရက်နေ့ ၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၂ ခုနှစ်)။)






Wednesday, 8 February 2012

စောအတိန်(ခႜယ်)မိသားစုနှင့် PEP နှို့မှုန့် ဓါတ်ပုံပြိုင်ပွဲ ဆုရ



 PEP နှို့မှုန့် ဓါတ်ပုံပြိုင်ပွဲမှာ စောအတိန်နဲ့ သူ့မိသားစု သရုပ်ဆောင်ထားတဲ့ ဓါတ်ပုံက ဒုတိယဆုရရှိ တယ်လို့ သိရပါတယ်။ ဒီဓါတ်ပုံကို ဓါတ်ပုံဆရာ ကျော်ကျော်ဝင်းက လက်စွမ်းပြရိုက်ကူးထားပြီး ဒုတိယဆု အနေနဲ့ ကျပ်ငွေ(၁၀)သိန်းရရှိမှာ ဖြစ်ပါတယ်။
စောအတိန်ကိုယ်တိုင်လည်း ကရင်ပြည်နယ် ဓါတ်ပုံဆရာတစ်ဦးဖြစ်ပြီး ဗွီဒီယို တည်းဖြတ်တဲ့နေရာမှာလည်း ထိပ်တန်းအဆင့်ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။


ဓါတ်ပုံဝါသနာရှင်များအတွက် အောက်ပါပုံတစ်ချို့ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။



Sunday, 5 February 2012

Happy new year welcome 2012 by (Dhammadhuta Ashin Chckinda)


"အသက်ရှင်နေရင် ငါ…မင်းကို ချစ်တယ်ဆိုတာ သတိရပါ"/If you can survive, you must remember that I love you/အသက်ရှင်နေရင် ငါ…မင်းကို ချစ်တယ်ဆိုတာ သတိရပါ"

                                                     "အသက်ရှင်နေရင် ငါ…မင်းကို ချစ်တယ်ဆိုတာ သတိရပါ"


တရုတ်နိုင်ငံငလျင်ဒဏ်ဖြစ်ပွားစဥကာလအတွင်း မိခင်၏စွန့်လွတ်မှုကတော့ တကယ့်ဖြစ်ရပ်မှန်ပါ။
ငလျင်က လူ့အသက်ပေါင်းများစွာကို နှုတ်ယူသွားတယ်လေ။ ကယ်ဆယ်ရေးလုပ်သားတွေ အမျိုးသမီးလေးရဲ့အိမ် အပျက်အစီးနေရာကို ရောက်ရှိလာကြတယ်။ သူတို့ အသက်မဲ့နေတဲ့ ခန္ဓကိုယ်နဲ့ ဖက်တွယ် ထားတာကို တွေ့လိုက်ရပါတယ်။
ဒါပေမယ့် သူမအနေအထားက ဘာကြောင့်မှန်းမသိ ထူးဆန်းနေပါတယ်။ သူမရဲ့ ဒူးနှစ်ဖက်က ရှိခိုး နေဟန်ရှိပြီး ဆုမွန်ကောင်း တောင်းနေပုံပါ။ ပြီးတော့သူမရဲ့ လက်နှစ်ဖက်က တစ်ခုခုကို ထောက်မ ထားတဲ့ဟန်ရှိခဲ့ပါတယ်။ သူမရဲ့ ကျောနဲ့ဦးခေါင်းကို ပြိုလဲနေတဲ့အိမ်က သူ့အပေါ်ကျလာတဲ့ အနေအထားမှာရှိနေပါတယ်။
အင်မတန်ခက်ခဲပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို နံရံ အပေါက်ကျဉ်းကျဉ်းလေးနဲ့ထိမိပါတယ်။
သူဟာ သူမကို အသက်ရှင်လျက်တွေ့ရမယ်လို့ မျှော်လင့်ခဲ့တယ်။ သို့သော်လည်း အေးစက် မာကျောနေတဲ့ခန္ဓာကိုယ်ကို ထိမိတော့ ၀ိဥာဉ် ကင်းမဲ့နေပြီဆိုတာ သေချာနေပြီလို့ ပြောလိုက်တယ်။
သူသည် သူ့လူများကို ထိုအိမ်တွင် ထားခဲ့ပြီးနောက် အခြားပြိုလဲနေသော အဆောက်အဦများကို ရှာဖွေရန် ထွက်ခွါသွားခဲ့သည်။
တစ်ချို့ကတော့ သူတို့ခေါင်းဆောင်က သေနေတဲ့အမျိုးသမီးအား ပြန်လည်ဆယ်ယူပြီးအောင် အတင်းအကြပ် တွန်းအားပေးတယ်တဲ့။
ထပ်ပြီးတော့…သူဟာ သူ့လက်တွေနဲ့ ကျဉ်းမြောင်းတဲ့ အက်ကြောင်းကြားကနေ သေနေတဲ့ခန္ဓာကိုယ်ကို စမ်းလိုက်ပါတယ်။
ရုတ်တရက် သူဟာ စိတ်လှုပ်ရှားစွာနဲ့အော်လိုက်တယ်
“ကလေးတစ်ယောက်၊ ဒါ…ကလေးပဲ”
တစ်ဖွဲ့သားလုံး သေနေတဲ့အမျိုးသမီးပတ်လည်က အပျက်အစီးတွေ၊ အကျိုးအပဲ့တွေကို သတိထားပြီး အတူတကွ ဖယ်ရှားကြတယ်။
ပန်းပွင့်စောင်လေးခြုံထားတဲ့ သုံးလသားလေး သူ့မိခင်ရဲ့သေနေတဲ့ခန္ဓာကိုယ်အောက်မှာ ရှိနေတယ်။
ထင်ထင်ရှားရှားသိလိုက်ရတယ်။ သားငယ်ရဲ့အသက်အတွက် မိမိအသက်ကို စွန့်လွှတ်ခဲ့ပါတယ်။
အိမ်ကပြိုလဲတဲ့အချိန်မှာ သူမဟာ သားကို သူ့ရဲ့ခန္ဓာကိုယ်နဲ့ အကာအကွယ်ပေးခဲ့ပါတယ်။
အဖွဲ့ခေါင်းဆောင်က ကလေးကို ကောက်ချီလိုက်ချိန်မှာ ကလေးငယ်လေးကတော့ ငြိမ်းချမ်းစွာအိပ်ပျော်နေလေရဲ့
ဆရာဝန်က ကလေးငယ်ကို စစ်ဆေးဖို့ အလျင်အမြန်ရောက်ရှိလာတယ်။
စောင်ကို လှန်လိုက်ပြီးတဲ့နောက် သူဟာ စောင်ထဲမှာ လက်ကိုင်ဖုန်းကို တွေ့လိုက်ရတယ်။
စာလေးရေးထားတာကို လက်ကိုင်ဖုန်းမျက်နှာပြင်မှာ မြင်လိုက်ရတယ်။
“အသက်ရှင်နေရင် ငါ…မင်းကို ချစ်တယ်ဆိုတာ သတိရပါ” တဲ့လေ။
ဒီလက်ကိုင်ဖုန်းလေးက တစ်ယောက်လက်ကို တစ်ယောက်ပြောင်းသွားခဲ့တယ်။
လူတိုင်းက အဲဒီစာလေးကို ဖတ်ပြီး မျက်ရည်ကျကုန်တယ်လေ။
“အသက်ရှင်နေရင် ငါ…မင်းကို ချစ်တယ်ဆိုတာ သတိရပါ”
သားသမီးအပေါ်မှာထားတဲ့ မိခင်မေတ္တာဆိုတာ ဒါပဲ မဟုတ်လားကွယ်။
မိခင်မေတ္တာကို တန်းဖိုးထားနားလည်သော သားတစ်ယောက်အနေဖြင့် If you can survive, you must remember that I love you ကို နှလုံးသားဖြင့် ခံစားပြီး ဆီလျော်အောင်ဘာသာပြန်ဆို ပါသည်။


(မိခင်မေတ္တာက ဘယ်လောက်ကြီးမားလဲဆိုတာဒီအဖြစ်အပျက်လေးက သက်သေပြလိုက်တာပါပဲ။)